Thursday, February 12, 2015

နားလည်ပါ

''နားလည်ပါ''
=========
နားလည်ပါသူငယ်ချင်းရေ…
ငါ မချစ်တတ်ခဲ့တာမဟုတ်ပါဘူး
မချစ်သင့်တော့လို့ နှုတ်ဆိတ်နေခဲ့တာပါ…။

ဖွင့်မပြောခဲ့တဲ့အချစ်တွေကို
နှလုံးသားချင်းသိနေပေမဲ့
မသာယာတဲ့ဆူးခင်းလမ်းထက်
ငါနင့်ကို ဘယ်လိုခေါ်ရက်ပါ့မလဲ?
အခြေအနေမတူတဲ့ဘဝမှာ
မပူတွေကိုမဝေပါရစေနဲ့…။

လူတကာအများရှေ့
ဟန်ဆောင်အပြုံးတစ်ပွင့်ရဲ့နောက်ကွယ်
တိတ်တဆိတ်ကြေကွဲနေတဲ့နှလုံးသားက
သူငယ်ချင်း ဆိုတဲ့ခေါင်းစဉ်အောက်မှာ
နေသားကျအောင်ကြိုးစားရင်း
ဖဲမွေ့ရာ ပန်းခင်းလမ်းထက်
နင်လျှောက်လှမ်းနိုင်ဖို့အတွက်
ငါဆန္ဒပြု ခဲ့ပါတယ်…။

နားလည်ပါသူငယ်ချင်းရေ…
ငါ မချစ်တတ်ခဲ့တာ မဟုတ်ပါဘူး
မချစ်သင့်တော့လို့ နှုတ်ဆိတ်နေခဲ့တာပါ။ ။

                               ညီလေးမောင် 

No comments:

Post a Comment