Monday, February 2, 2015

ဝေဒနာရှင်းတမ်း

ဝေဒနာရှင်းတမ်း
===========

ရင်တွင်းဖြစ်ဝေဒနာတွေကို
ဖြစ်သလိုရေးချ
ဒီစာစုတွေဟာ
ကဗျာတစ်ပုဒ်လို
မခမ်းနားခဲ့ဘူး။

ဝန်ခံပါတယ်
ငါရေးတဲ့စာစု
ကာရံမညီသလို
စာစီလည်းမလှခဲ့ဘူး။

ဒါပေမဲ့…
ဘဝနဲ့ရင်းပြီး
နှလုံးသားနဲ့ခံစားခဲ့တာမို့
ရင်တွင်းဖြစ်ဝေဒနာတွေနဲ့
ရေးလိုက်မိတဲ့စာစုတွေ
ကဗျာမဖြစ်တောင်မှ
တိုက်ဆိုင်သူတို့မျှဝေခံစားရင်း
နှလုံးသားချင်းထပ်တူကျနိုင်ပါစေ…

                                           ညီလေးမောင်

No comments:

Post a Comment