'' ''ငါယုံကြည်တဲ့ အချစ်" "
=================
အချစ်ဟာ ဘဝမဟုတ်ပေမဲ့
ဘဝတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တယ်…။
အချစ်ဟာ ရယူပိုင်ဆိုင်ခြင်းမဟုတ်ပေမဲ့
ကိုယ်ချစ်ရတဲ့သူကိုတော့
ပိုဆိုင်ခွင့်လေး ရချင်တယ်…။
အချစ်ဟာ ပေးဆပ်ခြင်းမဟုတ်ပေမဲ့
ချစ်သူဆန္ဒမှန်သမျှ ကို
ဖြည့်ဆည်းပေးချင်တယ်…။
အချစ်ဟာ ပျော်ရွှင်ခြင်းမဟုတ်ပေမဲ့
အတူနေချိန်ခဏ
ဝမ်းသာကြည်နူးရတယ်…။
အချစ်ဟာ ဝမ်းနည်းခြင်းမဟုတ်ပေမဲ့
အနေဝေးချိန်တွေမှာ
လွမ်းဆွေးနေရတယ်…။
အချစ်ဟာ ရဲရင့်ခြင်းမဟုတ်ပေမဲ့
ချစ်သူအတွက်ဆိုရင် အသင့်ရှိတယ်…။
အချစ်ဟာ ကြောက်ရွံ့အားငယ်ခြင်းမဟုတ်ပေမဲ့
ချစ်သူနဲ့ဝေးကွာရမှာ စိုးရိမ်တယ်…။
တကယ်တော့အချစ်ဆိုတာ
ရယူခြင်း၊ ပေးဆပ်ခြင်းဆိုတာထက်
ခွင့်လွှတ်နားလည်ပေးနိုင်ဖို့ပဲလိုတယ်…။
ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းဆိုတာထက်
မျှဝေခံစားပေးနိုင်ဖို့ပဲလိုတယ်…။
အနီး၊ အဝေးဆိုတာထက်
နှလုံးသားချင်းနီးစပ်
သံယောဇဉ်မပြတ်ဖို့ပဲလိုတယ်…။
ငါယုံကြည်တဲ့အချစ်ဆိုတာ
နင်ရယ် ငါရယ် ပြီးတော့…
ဘယ်တောမှပြောင်းလဲမသွားနိုင်တဲ့
စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတရားတွေရယ်
ဒါပဲရှိတယ်……။
{လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်}
ညီလေးမောင်
No comments:
Post a Comment