အတွေးဒဿနစာစုများ(၁)
----------------------------------
ကံကောင်းလို့အကောင်းတွေနဲ့တွေ့ပြီး
အမြင့်ကိုရောက်နေချိန်မှာ ငါကွ ဆိုပြီး ဘဝင်မြင့်မနေပါနဲ့။
အပေါ်ကိုမော့ကြည့်လိုက်ပါ။ အပေါ်မှာလည်း
အများကြီးရှိနေသေးတယ်။
ကံဆိုးလို့အဆိုးတွေနဲ့တွေ့ပြီးနိမ့်ကျနေချိန်မှာလည်း
ဖြစ်ရလေခြင်းဆိုပြီး ဝမ်းနည်းမနေပါနဲ့။
အောက်ကိုငုံကြည့်လိုက်ပါ။ အောက်မှာလည်း
အများကြီးရှိနေသေးတယ်။
ဓားဆိုတာ သွေးမှထက်တာပါ။
သွေးပြီးတော့လည်းအသုံးမပြုရင်သံချေးတက်တတ်တယ်။
ပညာဆိုတာလည်းသင်မှတတ်တာပါ။
သင်ပြီးတော့ပြန်မလေ့လာရင်မေ့သွားတတ်တယ်။
မိမိကိုယ်မိမိယုံကြည်မှုရှိတယ်ဆိုရင်
ကိုယ်မျှော်လင့်ထားသမျှအရာရာ ဖြစ်လာနိုင်ပါတယ်။
ယုံကြည်မှုမရှိရင်တော့ ဘာမှမျှော်လင့်နေစရာမလိုတော့ဘူး။
ပန်းပွင့်တိုင်းဟာ ကြွေရမယ်။
လူသားတိုင်းဟာ သေရမယ်။
ပန်းပွင့်တိုင်း မကြွေခင် အလှဆုံးပွင့်လို့
လူသားတိုင်းမသေခင် အကောင်းဆုံးရှင်သန်နိုင်ပါစေ။
သူ့ရဲ့ဥယျာဉ်ထဲကပန်းပွင့်တွေကိုအားကျနေရုံနဲ့
ကိုယ့်ဥယာဉ်ထဲကပန်းတွေက ပွင့်လာမှာမဟုတ်ဘူး။
ရေလောင်းပေါင်းသင် ပြုစုပျိုးထောင်ပေးမှ ပွင့်လာမှာပါ။
လူတော်တစ်ယောက်မဖြစ်ခဲ့ရင်တောင်မှ
နောက်ဆုံး လူကောင်းတစ်ယောက်တော့ဖြစ်အောင်
ငါကြိုးစားရမယ်။
မနေ့က သင်ခန်းစာကိုယူပြီး
မနက်ဖြန်ဆိုတဲ့ မျှော်လင့်ချက်လေးအတွက်
ဒီနေ့ ငါတို့အသက်ဆက် ရှင်သန်ကြရဦးမယ်။
ဖြစ်သလိုလုပ်ရင် လုပ်သလိုပဲဖြစ်မှာပေါ့။
အကောင်းဆုံးလုပ်မှ အကောင်းဆုံးဖြစ်မယ်။
(ကျွန်တော်တစ်ဦးတည်းရဲ့အတွေးဖြစ်၍
လွတ်လပ်စွာသဘောထားကွဲနိုင်ပါသည်)
ညီလေးမောင်
No comments:
Post a Comment