"ကြယ်စင်သစ်သို့ မျှော်လင့်ခြင်း"
******************************
# ည
သန်းခေါင်ယံညဥ့်နက်ချိန်မှာ
လရောင်မရှိ အမှောင်အတိ…
# ဘဝ
ငါ ကြီးစိုးမှု အတ္တတွေနဲ့
ပညာမရှိ မှားမှန်မသိ…
# ညအမှောင်မှာ
တိုက်ခဲ့သမျှ ခလုတ်
မှားခဲ့သမျှ အလုပ်တွေအတွက်…
# ဘဝသမိုင်းမှာ
အခါခါပြန်ပေးဆပ်
နောင်တတွေအထပ်ထပ်မို့…
# သိပညာ အလင်းဖြန့်လို့
အတ္တမဲ့စေတနာတွေနဲ့
အမှောင်မှာလမ်းပြမယ့်
အနာဂတ်ကြယ်စင်တစ်ပွင့်
ငါတို့တွေ မျှော်လင့်နေမိတယ်……
ညီလေးမောင်
No comments:
Post a Comment