အတွေးဒဿနစာစုများ(၃)
------------------------------------
လူတိုင်းဟာ အမှားတွေလုပ်ခဲ့ဖူးတယ်။
အခုလည်းလုပ်မိနေဆဲ၊ နောင်လည်းလုပ်မိနေဦးမှာပါ။
ဒါပေမဲ့ သူတစ်ပါးရဲ့အမှားဆိုတာ ကဲ့ရဲ့ဖို့မဟုတ်ဘူး။
ကိုယ့်အလှည့်ကျရင် မမှားအောင်သင်ခန်းစာယူဖို့ပါ။
ကိုယ့်ရဲ့အမှားဟာလည်းနောင်တရနေဖို့မဟုတ်ဘူး။
နောထပ်တစ်ခါထပ်မမှားရအောင်သင်ခန်းစာယူဖို့ပါ။
ပတ္တမြားမှန်ရင် နွံမနစ်ဘူး တဲ့
အောင်ြ်မင်သူတစ်ယောက်ဟာလည်းအခက်အခဲတွေ
ကြားမှာ ဘယ်တော့မှဒူးမထောက် လက်မမြောက်ဘူး။
အလုပ်တစ်ခုကိုလုပ်မယ်လို့ဆုံးဖြတ်ချက်ချပြီးရင်
မဖြစ်နိုင်ဘူးဆိုတဲ့အတွေးကို ဘေးဖယ်ထားပြီး
ဖြစ်နိုင်တဲ့နည်းလမ်းတွေကို မဖြစ်မနေရှာဖွေပြီးလုပ်ပေတော့။
တိုက်ပွဲဝင်နေတဲ့ဆင်တွေဟာ ရှေ့တိုးဖို့အားယူတဲ့အနေနဲ့
နောက်ကိုခြေတစ်လှမ်းဆုတ်တယ်တဲ့။ငါတို့တွေလည်း
တစ်ခါတစ်လေ ရှေ့ကိုဆယ်လှမ်းလောက်တိုးနိုင်ဖို့
နောက်ကိုတစ်လှမ်း ဆုတ်သင့်ရင်ဆုတ်ရလိမ့်မယ်။
အရှုံးကိုကြောက်ကို မယှဉ်ပြိုင်ရင် အနိုင်ရမှာမဟုတ်သလို
အမှားကိုကြောက်လို့မလုပ်ရင်လည်း အမှန်ကိုသိလာမှာ
မဟုတ်ဘူး။
စိတ်ကူးယဉ် အတွေးသမားတွေရဲ့လုံ့လဝီရိယကြောင့်
ဒီကမ္ဘာကြီးကတိုးတက်လာတာပါ။ ဒါပေမဲ့
လက်တွေ့အလုပ်မပါတဲ့အတွေးသက်သက်ကတော့
အလကားပါပဲ။
လူတွေကအောင်မြင်သူတစ်ယောက်ကို
ချီးကျူးစကားပြောဖို့သတိရကြပေမဲ့ ကျရှုံးသူတစ်ယောက်ကို
အားပေးစကားပြောဖို့ ဘာကြောင့်များမေ့နေရတာလဲ။
ကြိုးစားခြင်းဟာ အောင်မြင်ခြင်းရဲ့လမ်းစဖြစ်သလို၊
ကျရှုံးခြင်းဟာလည်းပျသ်းရိခြင်းရဲ့ ရလာဒ်တစ်ခုပါပဲ။
နာရီတွေအားလုံးကို ရပ်တန့်လို့ရပေမဲ့
အချိန်တွေကိုတော့ ဘယ်လိုမှရပ်တန့်လို့မရနိုင်ဘူး။
(လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါသည်)
ညီလေးမောင်
No comments:
Post a Comment