""အဖေ့ အမွေ""
===========
{} အဖေပေးခဲ့တဲ့အမွေ
အပေါ်ယံအရေခြုံ
လူမြင်အောင်ပြ အလှအပတွေနဲ့
ဂုဏ် စည်းစိမ်ပကာသနတွေ
တစ်ခုမှမပါဘူး~~~
{} အဖေပြောကြား မှာစကားက
သားမောင်လူလေး အဖေပေးမယ်
မြတ်သောအမွေ ထိန်းသိမ်းလေ~~~
{} ရှုပ်ထွေးပွေလှ လူလောကဝယ်
လူဖြစ်လာရ ထိုခဏ၌
ကိုယ်ကျိုးကိုငဲ့ အများအတွက်
အကျိုးပျက်အောင် မပြု ဆောင်လင့်
ကိုယ်တတ်စွမ်းရာ မြတ်ပညာဖြင့်
ရိုးသား,ကြိုးစား စဉ်နိုးကြားကာ
ဘဝတစ်ခု အခြေပြု လော~~~
{} တို့များဖွားရာ တို့ပြည်ရွာနှင့်
တို့များစဉ်ဆက် တို့မျိုးဆက်နှင့်
တို့များဆည်းကပ် ဘာသာမြတ်ကို
သစ္စာဖောက်ဖျက် မောင်မပြု နဲ့
ထိန်းသိမ်းကာကွယ် စောင့်ရှောက်လေ တဲ့~~~
{} အဖေပေးခဲ့တဲ့ အမွေ
ဘဝတစ်ခု အခြေပြု ဖို့
မြတ်ပညာ ရိုးသားမှုဂုဏ်သိက္ခာတွေနှင့်
မျိုးချစ်စိတ်ဓာတ် အမွေမြတ်~~~
ညီလေးမောင်
No comments:
Post a Comment