''တစ်ခန်းရပ်ဇာတ်လမ်း''
=================
ပြီးဆုံးခဲ့ပြီပဲ…
အရာရာ တစ်ကပြန်စဖို့
ငါ မကြိုးစားတော့ပါဘူး။
တို့နှစ်ယောက်ဇာတ်လမ်း
ဒီမှာပဲ တစ်ခန်းရပ်ကြတာပေါ့…။
ဝေးကွာခဲ့ပြီပဲ…
ဘာတွေကိုပြန်တမ်းတ
အဝေးကလွမ်းနေရမှာလဲ?
ဘဝသစ်ကိုယ်စီနဲ့
ကိုယ့်ခရီး ကိုယ်ဆက်ကြတာပေါ့…။
မေ့ပစ်လိုက်ပါပြီ…
ငါ့အချစ်တွေကိုလှည့်စားပြီး
ဝေဒနာတွေပေးခဲ့သူကို
ဘာအကြောင်းကြောင့်
သတိရနေရမှာလဲ…?။
ထားခဲ့လိုက်ပြီ…
အတိတ်ဇာတ်လမ်း ငါပြန်မလွမ်းဘူး။
နာကျင်မှုတွေနဲ့ ဝမ်းနည်းစရာတွေ
ဒီမှာပဲ အပြီးသတ်
သင်္ဂြိုဟ်လို့ မြှုပ်နှံလိုက်ပြီ…။
နှုတ်ဆက်ခဲ့ပါတယ်…
နှောင်တွယ်မှုတွေကင်းမဲ့စွာနဲ့
အနာဂတ်ဘဝတစ်ခု
ပုံဖော်ပြု စုဖို့အတွက်
ငါဆက်သွားရဦးမယ်…။
ညီလေးမောင်
No comments:
Post a Comment