♪ ပြန်ဆုံကြမယ်♪
❦ ချစ်သူ...
ခဏတာလေးအတွက်ပေါ့
ငါတို့တွေ ဝေးကွာရဦးမယ်
ရေမြေတွေခြား
တစ်နယ်စီဝေးကွာသွားပေမဲ့
ဒီရင်မှာထာဝရ
နင့်ကိုသာ ဆက်ချစ်သွားမှာပါ...။
❦ ချစ်သူ...
မလွမ်းတတ်ဘူး လို့
မပြောပါနဲ့
မလွှဲသာခွဲခွါခဲ့ရပေမဲ့
အမြဲသာ နင့်အနားနေချင်ခဲ့သူပါ...။
❦ ချစ်သူ...
မလွှဲသာလို့ ခဏတာခွဲခွါချိန်
ငါတို့နှစ်ယောက် အနေဝေး
အချစ်တွေ သွေးအေးမသွားပါနဲ့
ဘယ်လိုပင် လူချင်းဝေးပေမဲ့
ရင်ချင်းဆက်နှလုံးသားက
ဒီအချစ်တွေ ဘယ်ခါဝေးမသွားဘူး
❦ ချစ်သူ...
အချိန်တွေဘယ်လိုပြောင်းပေမဲ့
အချစ်တွေမပြောင်းပါစေနဲ့
တစ်ဘဝတာနီးစပ်ဖို့
ခဏတာလေးကိုစတေး
ယုံကြည်စွာ စောင့်နေပေးပါ
အခွင့်သာတဲ့တစ်နေ့
ငါတို့တွေပြန်ဆုံတွေ့ဦးမယ်ချစ်သူ...
ညီလေးမောင်
No comments:
Post a Comment