Thursday, March 5, 2015

အတွေးဒဿ နစာစုများ(၅)

အ​တွေးဒဿ      နစာစုများ(၅)
-----------------------------------

အရာရာတိုင်းမှာ ဆန့်​ကျင်​ဘက်​ဆိုတာရှိ​နေမြဲပါ။
အဲဒီအတွက်​အလုပ်​တစ်​ခုကိုလုပ်​တဲ့အခါ
အ​ကောင်းဆုံးကို​မျှော်​လင့်​ပြီး ကြိုးစားရမှာဖြစ်​သလို
အဆိုးဆုံးနဲ့ကြုံလာရင်​လည်း ခံနိုင်​ရည်​စွမ်းရှိ​အောင်
ကြိုတင်​ပြင်​ဆင်​ထားရမယ်​။

ဘဝဆိုတဲ့ တက္ကသိုလ်ကြီးမှာ
ငါတို့တွေသင်ယူစရာတွေအများကြီးရှိနေပါသေးတယ်။
ဘာမှမဟုတ်တဲ့ပညာလေးနဲ့ ငါတတ်တယ် ငါသိတယ်
ငါတော်တယ် ဆိုပြီး ဘဝင်တွေမြင့်မနေပါနဲ့။
ငါအများကြီးသိတယ်လို့မတွေးပါနဲ့။ ငါမသိတာတွေ
အများကြီးရှိသေးတယ်လို့တွေးပါ။

ဘဝမှာ
တစ်ခါတစ်လေကိုယ်ကမှန်တယ်ထင်နေတာတွေက
သူများတွေအတွက် မှားနေတတ်သလို၊ ကိုယ်ကမှားတယ်
လို့ထင်နေတာတွေက သူများတွေအတွက် မှန်နေတတ်
ပြန်တယ်။ အမှန်တရားဆိုတာ ကိုယ်ရော သူရော
နှစ်ဘက်လုံးမှန်မှ အမှန်တရားဖြစ်တာပါ။
နှစ်ဘက်မြင်အောင်ကြည့်တတ်ပါစေ။

ပြဿ      နာတစ်ခုခုဖြစ်တိုင်း
နှစ်ဦးနှစ်ဘက် မျှတစွာတွေးတတ်မယ်ဆိုရင်
လှပတဲ့အဖြေတစ်ခုတော့ ထွက်လာမှာပါ။ ခက်တာက
လူတွေက အဖြေကိုမရှာပဲ အပြစ်ကိုရှာနေကြတာပဲ။

လေအဟုန်ကိုကြောက်နေရင်
ဝေဟင်ပေါ် ဘယ်လိုရောက်နိုင်မှာလဲ
လှိုင်းကြီးတာကိုထည့်တွေးနေရင် ဟိုဘက်ကမ်းကို
ငေးကြည့်နေရုံပေါ့။ ဘဝဆိုတာ ရုန်းကန်ခြင်းပဲလေ။
ရဲရင့်လိုက်စမ်းပါ။

ဒုက္ခဆိုတာ ကုန်းခံနေဖို့မဟုတ်ဘူး။ ရုန်းကန်ဖို့အတွက်ပါ။
ကုန်းခံနေရင် ဒုက္ခတွင်းကပိုနက်သွားလိမ့်မယ်။
ပြဿ      နာဆိုတာလည်း ရှောင်ပြေးနေဖို့မဟုဆ်ဘူး။
ဖြေရှင်းဖို့အတွက်ပါ။ ရှောင်ပြေးနေရင် ပြဿ      နာက
ပိုကြီးသွားလိမ့်မယ်။

ခမ်းနားစွာမနေနိုင်ခဲ့ပေမဲ့
အေးချမ်းစွာသေခွင့်ရမယ်ဆိုရင်လည်း
လူဖြစ်ရကျိုးနပ်တာပါပဲ။ 

ရည်မှန်းချက်ပန်းတိုင်မရှိတဲ့သူက
လမ်းပျောက်နေတဲ့သူနဲ့တူတယ်။
အလုပ်မလုပ်တဲ့သူက လမ်းမလျှောက်တဲ့သူနဲ့တူတယ်။
လမ်းလျှောက်ပါ။ လမ်းမပျောက်ပါစေနဲ့။

ဘာမှမသေချာ မရေရာတဲ့အနာဂတ်မှာ
သေချာတာ တစ်ခုတော့ရှိတယ်။  အဲဒါက
တစ်နေ့ကျရင်ငါတို့တွေအားလုံး သေကြရဦးမယ်ဆိုတာ
ပါပဲ။ ဘယ်တောမှ မမေ့ပါနဲ့။

မှားခဲ့ရင်  ပြင်လို့ရတယ်ဆိုပေမဲ့
အစကတည်းက မမှားရအောင် ကြိုးစားသင့်တယ်။

             (လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါသည်)   

                                                   ညီလေးမောင်    

No comments:

Post a Comment