''ဒဏ်ရာမှတ်တမ်း''
-------------------------
ခဏသာလေး ချစ်ခဲ့ရသူပေမဲ့
ရင်ခွင်မှာ ဒဏ်ရာအနာအဆာတွေနဲ့
ကျန်ခဲ့ပေါ့ချစ်သူ…
ထားခဲ့သူ နင့်အပြစ်မဟုတ်ပါဘူး
ချစ်မိသူငါ့အဖြစ်က
ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့ဟာ
ရှိပါစေ နင်လှည့်မကြည့်ပါနဲ့
ထွက်သွားပါချစ်သူ…
အလှမပါတဲ့ ဘဝသမားမို့
မသာယာ ငါ့ဘဝထဲ
နင် တကယ်ဘယ်လာရဲပါ့မလဲ
ငါနားလည်ပါတယ်ချစ်သူ…
အခြေအမြစ်မရှိတဲ့ဘဝက
အကြင်နာဘယ်လောက်ထိချစ်တယ်ဆိုပေမဲ့
အချစ်ဟာ ဘဝမှမဟုတ်ဘဲ
နင် ဘယ်စွန်းစားရဲပါ့မလဲ
ငါ နားလည်ပါတယ်ချစ်သူ…
မပိုင်ဆိုင်နိုင်ခဲ့ပေမဲ့
ခဏတာသက်ဆိုင်ခွင့်လေးအတွက်
ငါကျေနပ်တယ်ချစ်သူ…
ရွှေနန်းထိုက်တဲ့ပန်း
အစဉ်သာလန်းဆန်းစေဖို့
ရင်ခွင်ဟောင်းကိုစွန်ခဲ့
ငါ နေရစ်ခဲ့ပါ့မယ်ချစ်သူ…
ချစ်ခဲ့ဖူးတယ်ဆိုတဲ့အသိလေးနဲ့
ငါ့ကိုယ်ငါ ဖြေသိမ့်
နှလုံးသားလေးကို နေသားကျဖို့
ငါ ပြန်နှစ်သိမ့်ရဦးမယ်…
ပစ်ခွါသူကို အပြစ်မယူနိုင်ပါဘူး
ချစ်တာတွေသူသိစေဖို့
ဒီကဗျာ ထုတ်ကာရေး
တစ်ခါက ချစ်သူလေးရေ
နင် ပျော်ရွှင်ပါစေ…
ညီလေးမောင်
No comments:
Post a Comment