Saturday, March 7, 2015

ကျေနပ်တယ်

''ကျေနပ်တယ်''
===========

ဘဝဟာ ခဏတာ ဆိုပေမဲ့
အဓိပ္ပါယ်ရှိစွာ ရှင်သန်ခွင့်ရမယ်ဆို
ငါ   ကျေနပ်တယ်…။

မိဘကျေးဇူး မကျေနိုင်ပေမဲ့
တတ်စွမ်းသမျှ ဆပ်ခွင့်ရမယ်ဆို
ငါ   ကျေနပ်တယ်…။

ချစ်သူကို ပိုင်ဆိုင်ခွင့်မရပေမဲ့
ထာဝရချစ်နေခွင့်ရမယ်ဆို
ငါ   ကျေနပ်တယ်…။

ကဗျာဆရာ မဖြစ်နိုင်ပေမဲ့
ကဗျာတွေကို ရေးခွင့်ရမယ်ဆို
ငါ   ကျေနပ်တယ်…။

ပြိုင်ပွဲမှာ အနိုင်မရနိုင်ပေမဲ့
ယှဉ်ပြိုင်ခွင့်ရမယ်ဆို
ငါ   ကျေနပ်တယ်…။

အကောင်းဆုံး မဖြစ်နိုင်ပေမဲ့
အစွမ်းကုန် ကြိုးစားခွင့်ရမယ်ဆို
ငါ   ကျေနပ်တယ်…။

ခမ်းနားစွာ မနေနိုင်ခဲ့ပေမဲ့
အေးချမ်းစွာ သေခွင့်ရမယ်ဆို 
ငါ   ကျေနပ်တယ်…။

ဖြစ်ခဲ့သမျှ အကောင်းဘက်ကတွေး
ဘာတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့
အရာရာအားလုံးအတွက်
ငါ   ကျေနပ်တယ်…။

                                     ညီလေးမောင် 

No comments:

Post a Comment